Wednesday, 21 November 2012

ညီနေမင်း

Tuesday, September 27, 2011

computer service သမားများအတွက် Pc Mechanic (မြန်မာလို)

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.

mirrorcreator | ifile.it | mediafire | zshare | ziddu | Megaupload

5 comments:

Htet Khaung said...
mediafire ကို ၀င်လို့ မရဘူးဖြစ်နေတယ်၊ နည်းနည်းလောက်ကူညီပါအုန်း၊ access denied ဖြစ်နေတယ်၊ ကျော်ခွ ဖို့ နည်းလမ်းလေး ပြောပြနိုင်မလား ခင်ဗျ၊ ကျေးဇူးပြုပြီး ပြောပြပေးပါ။
khun ye lin thet said...
အကို ကျေးဇူးတင်ပါတယ် အပြင်မှာဆို ဒီစာအုပ်က တော်တော်ဈေးကြီးတာ ကျွန်တော်က တော့ download ပဲဆွဲလိုက်တော့မယ် A+ သာတက်ထားတာ အသေးစိတ်တော့မသိဘူးအကို ကျွန်တော်လည်းသေးစိတ်သိချင်နေတာ အတော်ပါပဲ...........ကျေးဇူးအများကြီးတင်ပါတယ်နော်
k kyaw said...
အရမ်းကောင်းပါ၏......
shane shane said...
ကျေးဇူးအရမ်း တင်တယ် ကိုညီနေမင်း
Set Paing said...
ကျွန်တော်က ကွန်ပျုတာ Hardware အရမ်းစိတ်ဝင်စားပါတယ်။ ဒါပေပမယ့်ကျွန်တော်က basic ကိုပဲသင်ထားတော့ ကောင်းကောင်းနားမလည်သေးပါဘူး။ ဒီစာအုပ်လေးကို download ဘယ်လိုဆွဲရမယ်ဆိုတာလေးကို ပြောပြပေးပါအုံး။ ကျေးဇူးတင်စွာဖြင့်...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More
 
နည်းပညာနှင့်ပတ်သက်သည့် မေးခွန်းများ မေးလိုပါက konyinaymin@gmail.com သို့မေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်. အဖြေများကို ၀ဘ်ဆိုက်တွင် ဖော်ပြပေးမှာ ဖြစ်ပါတယ်.

No comments:

Post a Comment